Monday, May 20, 2013

ကဲ ၀ါးခယ်မမုန်.ဟင်းခါး စမ်းချက်ကြည်.ကြ မလား

မုန်.ဟင်းခါးကို တစ်နိုင်ငံလုံး နေရာအနှံ. လူမျိုးအစုံ ဘာသာအကုန် ချက်ကြ စားကြ နှစ်သက်ကြ သော်လည်း ဒေသအလိုက် ရရှိနိုင်သော ကုန်ကြမ်း နှစ်သက်လေ.ရှိသော အရသာ တို.ကိုလိုက်ပြီး ပြုပြင်ချက်လုပ်ပုံများ ကွာသွားရာမှအစပြုကာ အနံ. အရသာ အခေါ်အဝေါ်ကအစ အနည်းငယ်တော.ကွာသွားကြသည်။


 မော်လမြိုင် ရေစိမ်မုန်.ဟင်းခါး က ဆန်မှုန်. ငှက်ပျောပင်  စပါးလင်.နှင်.ချက်သော်လည်း ငြုပ်ကောင်းမသုံး ၊ဘိတ် ( မြိတ် ) မုန်.ဟင်းခါးသည် ပင်လယ်ပိုင်းဒေသထွက်ဖြစ်သဖြင်. ငါးပိအနည်းငယ်သုံး၍ချက်လေ.ရှိပြီး ဟင်းရည်ပျစ်ကာ ငှက်ပျောခေါင်း ( ငှက်ပျောအူ မဟုတ်ပဲ အခြေထိပ်ဘက်ရှိ အသား) လှိုင်လှိုင် ထည်.ချက်လေ.ရှိသည် ။ ရခိုင်မုန်.ဟင်းခါး (မုန်.တီ) ကျတော. (၇နိုင်လျှင်)ပင်လယ်ငါး တစ်မျိုးဖြစ်သော ငါးရွှေ ကိုတန်ဖိုးထားသုံးပြီးမျှင်ငပိကလည်း မပါမဖြစ် ။ကရင် မုန်.ဟင်းခါးကျတော. ငါးပိရည်ကြိုနှင်. ငြုပ်သီးစိမ်း သုံး၍ချက်လေ.ရှိကြသည် ။အင်းလေးမုန်.ဟင်းခါးကျတော. ငါးဖိန်း ကိုအသုံးပြုပြီး ပဲမှုန်.နှင်. ချက်လေ.ရှိသည် ။ အညာမုန်.ဟင်းခါးကျတော. ကုလားပဲ ကိုအားပြုပြီး ချက်လေ.ရှိကာ အချို. အညာအရပ်ဒေသများဆိုလျှင် မုန်.ဟင်းရည်ကို ဆိတ်သားနှင်.ပါ ချက်လေ.ရှိကြသည် ။ ဧရာဝတီ တိုင်းအတွင်း ၌ ပင်လျှင် အထက်ဘက်ပိုင်း များက ကုလားပဲ ၊ဂျင်း စသည်တို. အသုံးပြုကြပြီး အောက်ဘက် ပင်လယ်ပိုင်းများက စပါးလင် နှင်. ငါးနိုင်းချင်း ထည်.သုံးကြသည် ။ ရန်ကုန်မုန်.ဟင်းခါးကတော. ပဲ ၊ရွှေကြည်မှုန်. ၊ငါး (များသောအားဖြင်. ငါးမြစ်ချင်း ၊ငါးကြင်း အချို.ကတော. ငါးခူ) ၊ဂျင်း ၊စပါးလင် တို. အသုံးပြု ကြသည် ။ မြို.လေး၏ မုန်.ဟင်းခါးကတော. ဆန်မှုန်. ၊ငံပြာရည် ၊ကြက်သွန်ဖြူ ၊ငြုပ်ကောင်း ၊ငါး (ငါးကျီး ၊ငါးခူ ) (ပုဇွန်ပေါသော အချိန်ဆိုလျှင် ပုဇွန်) အသုံးပြုချက်လေ.ရှိကြသည် ။ပုဇွန်ဥ ပေးသော အချိန်ဆိုလျှင်တော. ဘာနှင်.ချက်ချက် ထိုဟင်းရည်ထဲ ပုဇွန်ဥ ခပ်လိုက်လျှင် သဘာဝဆန်လွန်းသော အချိုက မမေ.နိုင်စရာ အရသာ တစ်ခု..........


အချို.ကတော. ၀ါးခယ်မုန်.ဟင်းခါးချက် ၊မြောင်းမြမုန်.ဟင်းရည်ချက် ပုံတို.ကိုတောချက်ဟုခေါ်လေ.ရှိသည် ။လက်ခံပါသည် တောဆိုသည်က လတ်ဆတ်သော အသား .ငါး ၊လတ်ဆတ်သော အသီးအနှံ တို.ဖြင်. သဘာဝအရောင် အနံ. အရသာတို.ကို အလေးထားပြီး စီးပွးရေးဆန်လွန်းသော လောဘများလွန်းသော ဖန်တီးမှု မဟုတ်ပဲ စေတနာဖြင်.ချက်လုပ်သောကြောင်. ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးမျိုးမရှိသလို စီးပွားရေးအရ အလွယ်တကူ ၀ယ်ယူစားသုံးနှိုင်သော နှုံးထားသာ ရှိနေပါသည် ။တောချက်ဟုခေါ်ကြသော ထိုဝါးခယ်မမုန်.ဟင်းခါး ကိုပင် ၇န်ကုန်မြို.ကြီးဆီက နာမည်ကြီးဆိုင်တို.က နာမည်တပ်ရောင်းချနေကြရသည်ကို တွေ.ရသောအခါ...............................

အကယ်၍များ ၀ါးခယ်မ မုန်.ဟင်းခါးကို ၀ါးခယ်မအရသာစစ်စစ် စားချင် ၊၀ယ်ဖို.ကလည်း အခက်အခဲဖြစ် နေပါလျှင်တော. ကိုယ်တိုင် စမ်းသပ် ချက်လုပ်ကြည်.နိုင်ပါသည် ။ သုံးရသော ကုန်ကြမ်း ၊ထည်.သွင်းသော အချိုးအစား တို.အပေါ် မူတည်၍ အရသာ အနည်းငယ် အပြောင်းအလဲ ရှိကောင်းရှိမည် ဖြစ်သော်လည်း စားလိုက်မိသည်နှင်. တော. ၀ါးခယ်မ မုန်.ဟင်းခါးဟု လက်ခံပါလိမ်.မည် ။ မူကွဲအမျိုးမျိုး ရှိသည်.အနက် ရရှိသော နည်း တစ်နည်းကိုဖော်ပြအပ်ပါသည် ။



လိုအပ်သော ပစ္စည်းများ
  • ငါးကျီး (သို.)ငါးခူ (မရနိုင်လျှင် ငါးကြင်း ၊ငါးမြစ်ချင်း)             ၂၅ ကျပ်သားခန်.
  • ငါးငံပြာရည်စစ်စစ်
  • ကြက်သွန်နီ အနေတော် အရွယ်                                      ၁၅ လုံးခန်.
  • ဆန်အကျက်မှုန်.                                                         ၁ထုပ်
  • ဘဲဥ  ပြုတ်ပြီးသား                                                       ၃ လုံး
  • ငြုပ်ကောင်း အစိ                                                         ၁၅   လုံး ခန်.
  • ဆနွင်းမှုန်.စစ်စစ်                                                        အနည်းငယ်
  • မုန်.ဟင်းခါးဖတ် နှင်. ညှပ်ခေါက်ဆွဲဖတ်                             ၅၀ သားစီ


၁ ။ပထမဆုံး ငါးကိုသန်.စင်အောင်ဆေးကြော ပြီး အိုးတစ်လုံးတွင် ရေမြုပ်ရုံထည်. ၊ ငါးငံပြာရည်စစ်စစ် ထည်.၊ဆနွင်းစစ်စစ် အနည်းငယ် ထည်.ကာကာ ကျက်သည်အထိပြုတ်ရပါမည် ။အချို.ကတော. ထိုသို.ပြုတ်ရာတွင် စပါးလင် ထည်.သုံးပြီး အချို.ကတော. မထည်.ပါ ။မြို.လေးတွင်မူ ငါးကျီး ၊ငါးခူ ကသာ စံဖြစ်သော်လည်း ယခုကတော. အလွယ်တကူ ရနိုင်သော ငါးကြင်းကိုသာ အသုံးပြုထားပါသည်။


 ၂ ။ ထိုသို.ပြုတ်ပြီးပါက ငါးအား အရိုးနွှင်ကာ အရိုးသပ်သပ် ၊အသားသပ်သပ် ပန်ကန်တစ်ခုအတွင်း ထည်.ထားရပါမည်။ 

၃ ။ ထို.နောက် ငါးပြုတ်ထားသောရေကို မီးဖိုပေါ်တင်ပြီး ဆူလာအောင်တည်ပေးရပါမည်။ထိုအချိန်တွင် နွှင်ထားသော အရိုးများကို ငြုပ်ဆုံ တစ်ခုအတွင်းထည်.ထောင်းကာ အရိုးများဖယ်ပြီး ရလာသော အနှစ်ကို ငါးပြုတ်ရည်အိုးထဲ ထည်.ရပါမည်။


 ၄ ။ ထိုငါးပြုတ်ရေအိုးဆူမလာမှီ နွှင်ထားသော ငါးအသားများကို ဆနွင်းအနည်းငယ် ထည်.ပြီး ဆီသတ်ထားရပါမည် ။(အချို.ကတော. ထိုငါးများကို ဆီမသတ်ပဲ ငါးပြုတ်ရည်တွင်ထည်.မွှေကာ တိုက်ရိုက်ချက်လေ.ရှိပါသည် ၊ အကယ်၍ ငါးပြုတ်စဉ်က စပါးလင် ထည်.ပြုတ်လျှင် သိပ်ပြဿနာမရှိသော်လည်း ထိုစဉ်က စပါးလင်ထည်.မထားလျှင်တော. ငါးကိုဆီသတ်ချက်သည်က အညှီနံ. ကင်းစေပါသည် ။တစ်ခုသတိပြုရန်မှာ ငါးမြစ်ချင်း ၊ငါးကြင်းကဲ.သို. ကန်ငါးများသုံးချက်လျှင်တော. ဆီသတ်သည်က ပိုစိတ်ချရပါသည်)။ဆီသတ်ရာတွင် သဘာဝအရောင်အတိုင်းသာရှိနေရန် ဆနွင်းမှုန်.မှလွဲပြီး အခြားဘာမှသုံးစရာမလိုသလို ကြည်.ရုံနှင်. မနှစ်သက်ချင်စရာ ဟင်းရည်ပေါ်ဆီများဝေ.နေခြင်းမဖြစ်ဖို.ဆီကို အနည်းဆုံးလိုအပ်သလောက်သာထည်.ရမည်ဖြစ်ပြီး တူးနံ.မရှိအောင်တော.ဂရုစိုက်ရပါမည်။

၅ ။ ထို.နောက်အခွံနွှာထားသော ကြက်သွန်နီအနေတော်လေးများပါ အလုံးလိုက် (သို.)အခြမ်းလိုက် ဆီထည်.သတ်ပါ ။ထိုသို.ဆိထည်.သတ်သဖြင်. ကြက်သွန်နီသည် စိမ်းနံ. လုံးဝမရှိတော.သလို အချိုဓါတ်လည်း ပိုကဲစေပါသည်။


၆ ။ ငါးပြုတ်ရည်အိုးဆူလာလျှင် ထိုဆီသတ်ထားသော ငါးနှင်. ကြက်သွန်နီများ အိုးထဲလောင်းထည်.လိုက်ပါ ။ဆိုင်ဆိုလျှင်တော. ကြက်သွန်နီ ဥလိုက်တောင်းမည်.သူများအတွက် ကျက်သည်နှင်. ဖယ်ရန်လိုသော်လည်း အိမ်တွင်ချက်စားလျှင်တော. ထိုကြက်သွန်နီများပျော်ဝင်နေသော ဟင်းရည်က ပိုချိုသလို ပိုလည်း ပျစ်စေပါသည်။


၇ ။ ထိုအချိန်တွင် ၀ယ်ယူလာသော ဆန်ကျက်မှုန်.ကို ဒယ်အိုးအခြောက်နှင်. ဘာမှထည်.စရာမလိုပဲ မွှေးလာသည်ထိ လှော်ပေးရပါမည် ။ယခင်ကတော. မြို.တွင်ဆန်စိမ်းမှုန်.ကို ၀ယ်ကာ ကိုယ်.ဘာသာအိမ်တွင်လှော်ကြပါသည်။ယခုကတော. ဆန်ကျက်မှုန်.များက အလွယ်တူ ၀ယ်ယူရရှိနေပါသည်။မတူးစေရန် အထူးသတိထား၇မည်ဖြစ်သော်လည်း မွှေးလာသည်အထိတော. အချိန်ယူ၍ မီးအေးအေးနှင်.လှော်ပေးရပါမည် ။မွှေးလာသည်နှင်. ထိုဆန်အကျက်မှုန်.ကို ရေနှင်. ပျစ်ပျစ်ဖျော်ထား၇န် လိုပါသည်။

၈ ။ တည်ထားသော ဟင်းရည်အိုး ဆူလာချိန်တွင် ဖျော်ထားသော ဆန်ကျက်မှုန်.ရည်တို.ကို အိုးထဲထည်.ကာ ခဲမသွားစေရန်မွှေပေးနေရပါမည် ။ထိုဆန်ကျက်မှုန်.များ အပြီးတိုင်ပွလာသည်အထိ မီးပြင်းပြင်းနှင်. ပွက်ပွက်ဆူအောင် တည်ပေးရပါမည် ။

၉ ။ ထိုအချိန်တွင် ကြက်သွန်ဖြူများကို အခွံနွှာပြီးငြုပ်ဆုံတွင်ထည်.၍ ထိုက်သင်.သလောက် ကျေညက်နေအောင်ထောင်းထားရပါမည်။ကြိတ်ထားသော အရသာနှင်.ထောင်းသောအရသာ ယှဉ်စားကြည်.လျှင် မတူသကဲ.သို. ရှမ်းကြက်သွန်အမွှာအကြီးများနှင်. ဗမာကြက်သွန်ဖြူ အလုံးသေးများအနံ.အရသာကလည်း ကွာသဖြင်. ဖြစ်နိုင်လျှင် ဗမာကြက်သွန်ဖြူအသေးများကိုသာ စိတ်ရှည်ရှည်ထား ခွာပြီးထောင်းသင်.ပါသည်။


၁၀ ။ ဟင်းရည်အိုးကို ကြည်.လိုက်ပြီး ဆန်မှုန်.များကောင်းစွာပွနေပြီဆိုပါက ထောင်းထားသော ကြက်သွန်ဖြူများ ဟင်းရည်ထဲသို.ထည်.လိုက်ပါ ။ထို.နောက် ၀ယ်ယူထားသော ငြုပ်ကောင်း စိများကို မီးသွေးခဲပေးတင်ပြီး အနံ.မွှေးလာသည်အထိ လှိမ်.ပါ (မြို.လေးတွင်တော. မြေစလောင်းဖုံး (သို.)ဒါန်အိုးဖုံး တစ်ခုပေါ် ငြုပ်ကောင်းစိများတင် ထိုအပေါ်မီးသွေးခဲတင် ပြီးအနံ.မွှေးလာသည်အထိ လှိမ်.ပါသည်) ထိုကျက်သွားသော ငြုပ်ကောင်းစိများကို ပုလင်းတစ်ခုနှင်.(သို.)အဆင်ပြေရာ တစ်ခုနှင်. ကွဲကြေသည်အထိကြိတ် ပြီး ဟင်းရည်အိုးထဲထည်.ပါ(အသင်.ရောင်းသော လှော်ပြီးသား ငြုပ်ကောင်းအချို.မှာ အနံ.မကောင်းတတ်ပါ) ။

၁၁ ။လိုအပ်သော အချို အငန်တို.ကို ထည်.ပါ ။ငှက်ပျောအူကြိုက်လျှင် ငှက်ပျောအူ အနုလေးများထည်.ပါ (အချို.က ဟင်းရည်ကျဲသည်ဟုဆိုကာ ငှက်ပျောအူ ထည်.လေ.မရှိသလို အချို.ကလည်း လျှာယားသည်ဆိုကာ မကြိုက်သဖြင်. မထည်.ကြပါ)။


၁၂ ။  ပြုတ်ပြီးသား ဘဲဥများကို အစိတ်လေးများစိတ်ပြီး ဟင်းရည်ထဲထည်.ပါ (အစိမ်းကို ခေါက်ထည်.ပါက ဟင်းရည် ပျစ်သွားသလိုရှိသော်လည်း ပြုတ်ထားသော ဘဲဥအစိတ်များကသာ ၀ါးခယ်မမုန်.ဟင်းခါး အရသာစစ်စစ် ဖြစ်စေသလို မြုပ်တစ်ဝက် ပေးတစ်)က် ဘဲဥစိတ်များကသာ ၀ါးခယ်မမုန်.ဟင်းခါး မြင်ကွင်းအစစ်ဖြစ်သည်)အရသာ အနေတော်ဖြစ်  ဟင်းရည်လည်း ပွက်ပွက်ဆူ ငြုပ်ကောင်းနံ.လေးလည်း လှိုင်လှိုင်ထွက်လာ ပြီဆိုလျှင်တော. စား၍ရပြီပေါ. ။





တကယ်က ၀ါးခယ်မ မုန်.ဟင်းခါး ပြင်ပုံကိုက အခြား မုန်.တို.နှင်.မတူပါ
စားပွဲဝိုင်းတွင် နံနံပင် ပုဂံ... ရှောက်သီးပုဂံ... ငံပြာရည် ပုဂံ... ငြုပ်သီးအလှော်မှုန်. ..ဆီချက်ပုဂံ.. ပဲမှုန်.ပုဂံ အကြော်ပုဂံ ..အလည်တည် ဟင်းရည် ပုဂံ စသည်တို.ပါမှ ဖွဲ.စည်းပုံအပြည်.ဖြစ်သည်။


မုန်.ဖတ်ပေါ် ကြက်သွန်အဖြူ၊အနီရောသတ်ထားသော ဆီချက်ဝါ၀ါလေးရွှဲရွှဲဆမ်း 
ပဲမှုန်.လေး မုန်.ပေါ် အနည်းငယ်ဖြူး
အကြော်လေးတင်
ရှောက်သီး ၊နံနံပင် ၊ငြုပ်သီးမှုန်.၊ငံပြည်ရည် လိုအပ်သလိုထည်.
ပြီးမှ ဟင်းရည် ခပ်စီးစီးလေးဆမ်းပြီးနယ်
အလည်တည် ပုဂံ ထဲက ဟင်းရည်လေးခပ်သောက်..................

ကဲ.............
ကိုယ်.ဘာသာကိုယ် လက်တည်.စမ်းချင်သူများအတွက် မေးမြန်းလေ.လာ၍ရသလောက် ရေးပေးလိုက်ပါပြီဗျာ
မူကွဲတွေလည်း အမျိုးမျိုးရှိတာမို. လိုသလို စိတ်ကွန်.မြူးပြီး စမ်းသပ်ချက်ပြုတ်ကြည်.လို.တော. ရလောက်ပြီထင်ပါရဲ.

ဆက်စပ်ဖတ်ရှုရန်  မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )


No comments:

Post a Comment